Pages

Sunday, April 15, 2012

ကျောက်ပန်းတောင်းမြို့ရှိ ဆောက်လက်စ ဗလီ ဖျက်ဆီးခံရ

 by  ရိုးမ(၃)


ဖျက်ဆီးခံရသည့် ဗလီမန္တလေးတိုင်း၊ ကျောင်းပန်းမြို့၊ ပြည်တော်သာရပ်ကွက်၊ ရွှေတန်ဆာလမ်း၊ မဟာသယဗ္ဘူဘုရားအနီးရှိ ဦးနေထွန်းဆိုသူ၏ ခြံဝင်းအတွင်းရှိ ဆောက်လက်စ ဗလီအဆောက်အဦသည် ပြီးခဲ့သည့် မတ်လ ၃၀ ရက်နေ့ညတွင် ဖြိုချဖျက်ဆီးခံလိုက်ရကြောင်း သိရသည်။ ဖျက်ဆီးခံသည့် ဗလီ မတ်လ ၃၀ ရက်
နေ့ည(၇)နာရီန်းကျင်တွင် ရာပေါင်းများစွာသော
မြို့ ခံ လူအုပ်ကြီးက ဗလီကို ဖြိုချဖျက်ဆီးရန်
ရောက်လာခဲ့သည်။


“ရာပေါင်းများစွာသော လူအုပ်ကြီးက ဗလီကို ဖျက်ဆီးဖို့ ဝိုင်းလာကြတယ်။ ဒီချိန်မှာ သံဃာတော်များကလဲ ကား ၇ စီးနဲ့ ရောက်လာတယ်။ ရောက်လာပြီးတော့ လူတွေကို မဖျက်ဆီးဖို့ တားသေးတယ်” ဟု မျက်မြင်သက်သေတဦးက ပြောသည်။
သံဃာတော်များက ဖျောင်းဖျတားဆီးသော်လည်း လူထုက ဗလီကို ဖျက်ဆီးရန် စိတ်အားထက်သန်နေသောကြောင့် သံဃာတော်များမှ တားမြစ်စည်းတစည်း၊ မြို့နယ်အာဏာပိုင်များပါဝင်သော မြို့နယ်စည်ပင်မှ တားမြစ်စည်းတစည်းတို့ဖြင့် လူထုအား တားဆီးထားကာ ဘူဒိုဇာဖြင့် ဗလီကို ဖြိုချဖျက်ဆီးပေးခဲ့ကြောင်း သူက ဆက်ပြောသည်။

ထိုသို့ ဖြိုချဖျက်ဆီးမှုသည် ည (၁၁) နာရီခန့်တွင် ပြီးဆုံးသွားပြီး ဗလီဖျက်ဆီးရန် လာရောက်သော လူထုသည်လည်း ၎င်းအချိန်မှစ၍ ပြန်လည်ထွက်ခွါသွားကြကြောင်း သူကဆက်လက်ပြောဆိုသည်။
မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့ပေါ်တွင် အရင်က ဗလီမရှိခဲ့ကြောင်း၊ ဗလီဆောက်လုပ်သော အခါတိုင်းတွင်လည်း ယခုကဲ့သို့ ဖြိုချဖျက်ဆီးခြင်းခံရကြောင်း ထို့မြို့ မှ သိမှီသူတစ်ဦး၏ ပြောပြချက်
အရသိရသည်။

No comments:

Post a Comment

ပေးထားသည့် မှတ်ချက်များအား မကြာမီ တင်ပေးပါမည်။ခေတ္တစောင့်ဆိုင်းပါ။
ကျေးဇူးတင်ပါသည်။