Pages

Friday, April 6, 2012

ရိုဟင်ဂျာသည် ဥပဒေကြောင်းအရတိုင်းရင်းသားရှိခဲ့

ရိုဟင်ဂျာလူမျိုးသည်တိုင်းရင်းသား မြန်မာလူမျိုးစုတစ်စုဖြစ်ပါသည်။ အာဏာရှင်(မဆလ) အစိုးရနှင့် စစ် အစိုးရတို့က သမိုင်းကိုလျစ်လျှူရှုပြီး ရိုဟင်ဂျာလူမျိုးကိုငြင်းနေခြင်းဖြစ်သည်။ မြန်မာ သမိုင်းမှာလည်း ရိုဟင်ဂျာများအား တိုင်းရင်းသားလူမျိုးစုတစ်စုအဖြစ် သတ်မှတ်ထားသည်မှာ သမိုင်း အထောက် အထားအရခိုင် လုံနေသည်။်။ ၁၈၆၄ ခုနှစ် နိုင်ငံခြားသားအက်ဥပဒေအရ လည်းကောင်း၊ ဘိုးတော်ဘုရားလက်ထက်ကတည်းက မြန်မာနိုင်ငံမှာ ရှိနေသော ရိုဟင်ဂျာ များ ကို (၁၉၄၇-၁၉၇၄ ) ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ အရလည်းကောင်း ၊ ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံ သားဖြစ် တည်မှု့ ဥပဒေ နှင့်  ၁၉၈၂ ခုနှစ်မြန်မာနိုင်ငံသား ဥပဒေများအရ ရိုဟင်ဂျာ လူမျိုးများသည် ၁၈၂၃ ခုနှစ်မတိုင်မီကပင် မြန်မာနိုင်ငံအတွင်းပင်မနိုင်ငံအဖြစ် အခြေချနေ ထိုင်ခဲ့သော လူမျိုးစုဖြစ်သည်ဟု အတည်ပြုခဲ့သည်။ ၁၉၄၆ ခုနှစ်တွင်လည်း ဗိုလ်ချုပ်အောင် ဆန်းက စစ်တွေမြို့ကိုသွားပြီး ရိုဟင်ဂျာခေါင်းဆောင်များနဲ့ တွေ့ဆုံပြီး တိုင်းရင်းသား လူမျိုးများနဲ့ တန်းတူအခွင့်အရေးပေးမယ်လို့ ကတိက၀တ်ပြုခဲ့ပါတယ်။ သို့သော် လွတ်လပ်ရေး ရပြီးကာလမှာ ရိုဟင်ဂျာတို့၏ နိုင်ငံရေး လူမှုရေး နှင့် စီးပွါးရေးတွေမှာ လျစ်လျှူရှုထားသည်။
သျှမ်းသံတော်ဆင့်မှ ဖေဖေါ်ဝါရီလတွင် ထုတ်ဝေသည့် Independence စာစောင် ရိုဟင်ဂျာ အမည်ခံသူများ အကြောင်းနှင့် ပတ်သက်၍ ထိုင်းသတင်းစာများမှ ကူးယူဖေါ်ပြသည် ဟူသော ဆောင်း ပါး၌ “ရိုဟင်ဂျာဆိုတာ လူဦးရေ ၇ သိန်းကနေ၊ ၁.၅ သန်းထိရှိပြီး အေဒီ ၇-ရာစုလောက် က ရခိုင်ပြည် မြောက်ပိုင်းတ၀ိုက်စီးပွား ကုန်သွယ်အလုပ်နဲ့ ရွှေ့ပြောင်း အခြေချ လာ တဲ့ အာရပ်လူမျိုးစုကနေ တဆင့် မူဆလင်ဖြစ်လာသည်” ဟု ရေးသားဖေါ်ပြထား သည်။


၁၄၀၄-ခု လေးမြို့ခေတ်၌ မင်းစောမွန် ဘုရင်လက်ထက် ရခိုင့်ဘုရင့်နိုင်ငံတော်ကို ဗမာ ဘုရင်သိမ်းပိုက်သဖြင့် ရခိုင်ဘုရင် မင်းစောမွန်သည် ဘင်္ဂလားဒေသရှိ ဂေါလ်ဒေသသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ ဂေါလ်ကကောင်း မွန်စွာ လက်ခံခဲ့သည်။ ဘင်္ဂလားဂေါလ် ဆူလတန်ဘုရင်၏ အကူအညီဖြင့် ရခိုင်ထီးနန်းကို အရယူခဲ့ရသည်။ အေဒီ ၁၄၃၀-တွင် မြောက်ဦးမြို့တည် ၍ မြောက် ဦးခေတ်ကို စတင် တည်ထောင်ခဲ့ပါသည်။ မြောက်ဦးခေတ်တွင် ရခိုင့် တပ်မတော်၌ အာရပ်မှစစ် သည်တော်များ၊ ဥရောပမှ ပေါ်တူဂီများနှင့် ဂျပန်တို့ပါ အမှုတော်တမ်းခဲ့သည်ကိုတွေ့ရှိရ သည်။ ယင်းအာရပ်မှစစ်သည်တော် မျိုးဆက်အများစုမှာ သံတွဲ၊ ရမ်းဗြဲကျွန်းနှင့် မြောက်ဦးမြို့ပတ်ဝန်း ကျင်တွင် နေထိုင်ကြပါသည်။ ယင်းတို့ကို ရခိုင်တို့က ကမန်ဟု ခေါ်ဝေါ်ပြီး ရခိုင်ပြည်၌ တိုင်းရင်း သား မျိုးနွယ်စုအဖြစ် အသိ အမှတ်ပြု ထားပါသည်။ ယင်းမူဆလင် ဘာသာဝင် ကမန်တို့သည် ရခိုင်ပြည်၌ ပြဿနာဖန်တီးခြင်း၊ ရခိုင်တို့နှင့် ဘာသာရေး အဓိကရုဏ်း၊ လူမျိုးရေးအဓိကရုဏ်း ဖန်တီးခြင်းမျိုးကို လုံးဝပြု လုပ်ခြင်း မရှိဘဲ၊ ရခိုင်ပြည်နှင့်ရခိုင် လူမျိုး အပေါ် သစ္စာရှိရှိဖြင့် ရခိုင်တို့နှင့် အေးအတူ ပူအမျှ ငြိမ်းချမ်းစွာ နေထိုင်လာခဲ့ကြသော ကမန်လူမျိုး တမျိုးများရှိသကဲ့သို့ အစ္စလာမ် ဘာသာကိုးကွယ်ကြသော ရခိုင်မွတ်လေင်တိုင်းရင်းသား (ရိုဟင်ဂျာ) လူမျိုး များလည်းရှိသည်။

မြန်မာနိုင်ငံအတွင်း အစ္စလာမ်ဘာသာ ပြန့်နှံ့ပုံကို လေ့လာခဲ့ရာ အေဒီ ၈-ရာစုနှင့် ၁၆-ရာစု အတွင်း ပါရှန်းနှင့် အာရဗ်သင်္ဘောများ ရေကြောင်းသွားလာခြင်းသည် အရှေ့ဖျား ပင်လယ်များ တွင်ပင်လယ်များတွင် လွှမ်းမိုးခဲ့သည်။ ၎င်းပြင် မြန်မာနိုင်ငံ၏ ရောင်းဝယ်ရေးစခန်း များသို့ လည်း ပါရှန်နှင့် အာရဗ်ကုန်သည်တို့ အခြေချနေထိုင်ခဲ့သည်။ အေဒီ ၁၆၆၀ တွင် အိန္ဒိယ ပြည် ၌ ရှာဂျဟန် ဘုရင် ကွယ်လွန်ခဲ့ရာ သားတော် ရှာရှုဂျာသည် နောင်တော် သြရန်အဇစ်နှင့် နန်းလုခဲ့ရာ အရေးနိမ့် သဖြင့် ရခိုင်ဘုရင် စန္ဒသုဓမ္မမင်း (၁၆၅၂-၁၆၈၄)ထံ အကူအညီတောင်း ခိုဝင်လာခဲ့သည်။ စန္ဒသုဓမ္မ မင်းအား ကတိမတည်ဟုဆိုရာ ရှာရှုဂျာက ပုန်ကန်ခဲ့ရာ ရှာရှုရျာကျဆုံးခဲ့ပြီး သူ၏ အခြွေအရံများ ကမန်(လေးသည်တော်)တို့အား ရခိုင် ဘုရင်၏ ကိုယ်ရံတော် တပ်ဖွဲ့ ခန့်ထားခဲ့သည်။
မြန်မာနိုင်ငံအတွင်း အစ္စလာမ်ဘာသာ ပြန့်နှံ့ပုံကို လေ့လာခဲ့ရာ အေဒီ ၈-ရာစုနှင့် ၁၆-ရာစုအတွင်း ပါရှန်းနှင့် အာရဗ်သင်္ဘောများ ရေကြောင်းသွားလာခြင်းသည် အရှေ့ဖျား ပင်လယ်များတွင် လွှမ်းမိုးခဲ့သည်။ ၎င်းပြင် မြန်မာနိုင်ငံ၏ ရောင်းဝယ်ရေးစခန်း များသို့ လည်း ပါရှန်နှင့် အာရဗ်ကုန် သည်တို့ အခြေချနေထိုင်ခဲ့သည်။ အေဒီ ၁၆၆၀ တွင် အိန္ဒိယ ပြည် ၌ ရှာဂျဟန်ဘုရင် ကွယ်လွန်ခဲ့ရာ သားတော် ရှာရှုဂျာသည် နောင်တော် သြရန်အဇစ်နှင့် နန်းလုခဲ့ရာ အရေးနိမ့်သဖြင့် ရခိုင်ဘုရင် စန္ဒသုဓမ္မမင်း (၁၆၅၂-၁၆၈၄)ထံ အကူအညီတောင်း ခိုဝင်လာခဲ့သည်။ စန္ဒသုဓမ္မမင်းအား ကတိမတည် ဟုဆိုရာ ရှာရှုဂျာက ပုန်ကန်ခဲ့ရာ ရှာရှုရျာကျဆုံးခဲ့ပြီး သူ၏ အခြွေအရံများ ကမန်(လေးသည်တော်) တို့အား ရခိုင် ဘုရင်၏ ကိုယ်ရံတော် တပ်ဖွဲ့ ခန့်ထားခဲ့ သည်။

စန္ဒ၀ိဇယ (၁၇၁၀-၁၇၃၁)လက်ထက်ကျမှ ထိုကမန်တို့အား နှိပ်ကွပ်ခဲ့သည်။ များစွာ သော ကမန်တို့အား ရမ်းဗြဲကျွန်း၊ စစ်တွေအနီး သင်းဂနက်၊ သာယာကုန်းကျေးရွာများသို့ ပို့ထားခဲ့သည်။ ရခိုင် ပြည်နယ် ကမန်မွတ်စလင်မ်တို့အပြင် စစ်တွေမြို့ အရှေ့ပိုင်းဒေသ များ၊ ရမ်းဗြဲကျွန်းနှင့် သံတွဲ တစ်ဝိုက်တွင် တိုင်းရင်းသားဖြစ်ကြသော အစ္စလာမ်ဘာသာ ကိုးကွယ်သည့် ရခိုင်များ အနှံ့အပြားရှိ နေသည်။
၁၅၃၉ အေဒီတွင် တပင်ရွှေထီး ပဲခူးကို တိုက်ခိုက်ခဲ့စဉ် ၁၅၉၉ အေဒီတွင် တောင်ငူဘုရင် ပဲခူးကို တိုက်ခိုက်ခဲ့စဉ်တွင် ဖမ်းဆီးရမိသော မွတ်စလင်မ်များ ၁၅၄၇ အေဒီတွင် တပင်ရွှေထီး မြို့ဟောင်းမြို့ ကို ၀င်တိုက်ခဲ့စဉ်နှင့် ၁၇၀၇ အေဒီတွင် စနေမင်း၏ အရာရှိများ သံတွဲကို တိုက်ခိုက်ခဲ့စဉ် ဖမ်းဆီးရမိခဲ့ သော မွတ်စလင်မ်များ၊ ၁၆၁၃ အေဒီတွင် အနောက်ဘက်လွန်မင်း သန်လျင်ကို တိုက်ခိုက်ခဲ့စဉ် သန် လျင်မြို့ ကျပြီးစအခါ ဒီဗရစ်တို၏ နောက်လိုက် မွတ်စလင်များ (သို့မဟုတ်) စစ်ပွဲပြီးစ အချိန်နှောင်း မှ ရောက် ရှိလာသော သင်္ဘောများမမွတ်စလင်များအား ရွှေဘိုခရိုင်၊ မြေဒူး၊ စစ်ကိုင်းခရိုင်၊ ပင်းယနှင့် ခံလူး၌ လည်းကောင်း၊ ကျောက်ဆည်ခရိုင် လက်ပံ၌လည်းကောင်း၊ ရမည်းသင်းခရိုင် ယင်းတော် တို့၌လည်းကောင်း နေရာချထားခဲ့ကြောင်း တွေ့ရသည်။

ဘိုးတော်ဘုရားလက်ထက် မြန်မာသက္ကရာဇ် ၁၁၆၃-ခုနှစ် (၁၈၀၁ အေဒီ) နယုန်လပြည့်ကျော် ၂-ရက်တွင် ရွှေတိုက်ပုရပိုက်မှ ကျောက်တစ်လုံးကို ဗိုလ်မင်းရဲလှ ကျော်ထင် ရေးကူးသော စစ်တမ်းတွင် မြန်မာသက္ကရာဇ် ၁၀၆၀ မှ ၁၀၇၆ အထိ နန်းစံသော အင်းဝ စနေမင်း လက်ထက်တွင် ရခိုင်ဘက်မှ ၀င်ရောက်လာသောမွတ်စလင် ၃၀၀၀ ကျော်အား မြန်မာသက္ကရာဇ် ၁၀၇၀ (၁၇၀၉ အေဒီ)တွင် အောက်ဖော်ပြပါ ၁၂-နေရာ ၌ နေရာချထားခဲ့ကြောင်းတွေ့ရသည်။
(၁) တောင်ငူ (၂) ရမည်းသင်း (၃) ညောင်ရမ်း (၄) ယင်းတော် (၅) မိတ္ထီလာ (၆) ပင်းတလဲ (၇) တဘက်ဆွဲ (၈) ဘောဓိ (၉) သာစည် (၁၀) စည်ပုတ္တရာ (၁၁) မြေဒူး (၁၂) ဒီပဲယင်း စသည်တို့ တွင် ဖြစ်သည်။
အထက်ဖော်ပြပါအတိုင်း အစ္စလာမ်ဘာသာဝင်တို့သည် အာရဗ်သင်္ဘောများပျက်၍ ၀င်ရောက်နေ ထိုင်ခဲ့ခြင်းဖြင့်လည်းကောင်း၊ အာရဗ်ပါရှန်ကုန်သည်များ ကူးသန်း ရောင်း ၀ယ် ရေး စခန်း များ ဖွင့်လှစ်ခဲ့ခြင်းဖြင့်လည်းကောင်း၊ ရေကြည်ရာ မြက်နုရာ သို့ ရွေှ့ပြောင်းနေထိုင် ခဲ့ခြင်းဖြင့် လည်းကောင်း ပျံ့နှံ့လာခဲ့ကြောင်း သိရှိရသည်။
တိုင်းရင်းသားလူမျိုး များ ( ၁၄၄ ) မျိုး နှင့် နိုင်ငံခြားသားလူမျိုး ( ၂၆ ) မျိုး

ပြည်ထဲရေးနှင့်သာသနာရေးဝ်ကြီးဌာန၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဦးစီးဌာန မှ ၁၉၇၂ခုနှစ်တွင်ပုံနှိပ်ထုတ်ဝေသော (ပုံစံရေးသွင်းရ်ညွှ်ကြားချက် ) စာအုပ်စာ မျက် နှာ ( ၄၃ ) ပူးတွဲ (က) လူမျိုးများစာရင်းခေါင်းစဉ် အောက်ရှိ တိုင်းရင်းသားလူမျိုး များ ( ၁၄၄ ) မျိုး နှင့် နိုင်ငံခြား သားလူမျိုး ( ၂၆ ) မျိုး ဟုဖေါ်ပြထားသည်။
နိုင်ငံခြားသားလူမျိုး ( ၂၆ ) မျိုးထဲတွင် ဒိုင်းနက် လူမျိုးကိုလည်း နိုင်ငံခြားသား လူမျိုးအဖြစ် သတ်မှတ်ထားသည်။
သို့သော် မြန်မာ့ဆိုရှယ်လစ်လမ်းစဥပါတီဗဟိုဌာနချုပ်က ၁၉၇၆ ခှုစ၊ဇန္နဝါရီ လ ၊ ပထမ အကြိမ် ထုတ်ဝေသော တိုင်းရင်းသားရိုးရာဓလေ့ထုံးစံများ ( ရခိုင် ) စာအုပ်တွင်ဒိုင်းနက် ကိုတိုင်းရင်း သား မျိုး နွယ် စုအဖြစ်ထည့်သွင်းအသိအမှတ်ပြုထားသည်ကိုတွေ့ရသည်။
မှတ်ချက်။ ။ ထိုအချိန်က ၎င်း ( ၁၄၄ ) မျိုးတွင် ရိုဟင်ဂျာလူမျိုးလည်း အပါအဝင်ဖြစ်သည်။
(ကိုးကား။ ။တိုင်းရင်းသားလူမျိုးစုဘဝသစ်ထူထောင်ရေးပါတီသတင်းလွှာ(ကင်းလွှတ်ခွင့် သက် သေခံ လက်မှတ် – အမိန့်အမှတ် ၂/၈၉ အရ ၁၉၈၉ ကင်းလွှတ် အမှတ် န/သ-၀၈၅ ဖြင့်)
ရိုဟင်ဂျာနှင့်ပါတ်သက်၍ အောက်ပါအစိုးရထုတ်တရားဝင် စာအုပ်များတွင် ရိုဟင်ဂျာအ
ကြောင်း ဖေါ်ပြထားသည်ကို တေ့ရမည်ဖြစ်သည်။

၁။-(၁၈-၇-၁၉၆၁)ခုနေ့ထုတ်တပ်မတောခေတ်ရေးစာစောင်တွဲ(၁၂) ၊အမှတ်(၆)၊စာ(၃၂-၅၈)၂။-(၈-၈-၁၉၆၁)ခုနေ့ထုတ်တပ်မတောခေတ်ရေးစာစောင်တွဲ(၁၂) ၊အမှတ်(၉)၊
၃။-(၁-၆-၁၉၆၃)ေ၃့ထုတ်မြန်မာ့အသံသောတရှင်မဂ္ဂဇင်း အတွဲ(၄)အမှတ်(၁၉)
၎။-စာပေဗိမာန်ထုတ်မြန်မာ့စွယ်စုံကျမ်း အတွဲ(၉)၁၉၆၄ ခုနှစ် စာမျက်နှာ(၈၉)
၅။-၁၉၇၈ – ခုနှစ်ထုတ်အထက်တန်းနှင့်အလယ်တန်းမြန်မာနိုင်ငံပထဝီင်စာမျက်နှာ(၈၆)
၆။-ရန်ကုန်မြို့ရေစစ္စတြီရုံး`၌(၁၆-၁၂-၁၉၆၀)နေ့တရားဝင်မှတ်ပုံတင်၍ထုတ်ဝေသော
ရိုဟင်ဂျာခေတ်ရေးသတင်းစဉ်
အခြားစာအုပ်များလည်းရှိသေးသည်။
ထို့ကြောင်းအထက်ပါအထောက်အထားများ ရိုဟင်ဂျာများသည် ဥပဒေကြောင်းအရတရားဝင်
ရပ်တည်သောတိုင်းရင်းသားလူမျိုးစုတစ်ဖြစ်ပါသည်။

No comments:

Post a Comment

ပေးထားသည့် မှတ်ချက်များအား မကြာမီ တင်ပေးပါမည်။ခေတ္တစောင့်ဆိုင်းပါ။
ကျေးဇူးတင်ပါသည်။